Thursday, May 17, 2007

လှပသော နေ့လေးများ





အခုချိန်မှာ စိတ်ညစ်နေတဲ့လူတွေ ၊ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့လူတွေ၊စိတ်ပျက်အားငယ်နေတဲ့သူတွေ အတွက်
ကိုယ်သိသလောက်လေးပြောပြပြီး အားပေးချင်ပါတယ်။လူတိုင်း လူတိုင်းမှာ ၀မ်းသာတဲ့အချိန်၊၀မ်းနည်းတဲ့အချိန် ဆိုတာ ကြုံတွေ့ရမှာ ပါပဲ။ဒါပေမဲ့ ဒါတွေက အမြဲတမ်း တော့မကြုံရပါ ဘူး။အားလုံးဟာခဏတာပဲ ကြုံတွေ့ရတာပါ။
လူတိုင်း လူတိုင်းမှာ လှပတဲ့နေ့လေးတွေရှိကြပါတယ်။သူငယ်ချင်းမိတ်ဆွေတွေ နဲ့အတူတူုပျော်ခဲ့တာ၊သွားခဲ့တာ၊
မိသားစုနဲ့အတူတူပျော်ရတဲ့အချိန်တွေတော့ ရှိကြမှာပါ။အကူအညီလိုအပ်နေသောသူများကို ကူညီရတာကလည်း
ပျော်စရာတစ်ခုပါပဲ။တစ်ခုလောက်အကြံပေးချင်ပါတယ်။စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုခု၊ဒါမဟုတ် မိတ်ဆွေတွေနဲ့စကားပြောတာပဲဖြစ်ဖြစ်၊ဒါမဟုတ် ခရီးသွားတာ၊စာဖတ်တာ၊သီချင်းနားထောင်တာ၊ တရားအားထုတ်ဖူးတဲ့သူက တရားအားထုတ်တာ၊စတဲ့ကိုယ် အားသန်ရာတစ်ခုခုကို လုပ်ခြင်းဖြင့်လည်း စိတ်ချမ်းသာနိုင်ပါတယ်။စိတ်ကြည်နူးပျော်ရွှင်စေတဲ့ ပုံလေးတွေပါကြည်.လို့ရအောင်ထည့်ပေးလိုက်ပါတယ်။လူသားအားလုံးပျော်ရွှင်ကြည်နူးကြပါစေ။တဦးနှင့်တစ်ဦး မေတ္တာထားနိုင်ကြပါစေ။